95.1 DJ FM
Wednesday, May 30, 2012
မာဆပ်များဟာလည်း လိုင်းကျေးပေးရနေပြီနော်
နေပြည်တော် - ပျဉ်းမနားမြို့တွင် မာဆပ်များဖမ်းဆီးကာ ပြုလုပ်ခဲ့ပါသည်။ တချို့မာဆပ်တွေဆိုရင် နေပြည်တော် - တပ်ပုပ်ပ သို့ရွေ့ပြောင်းဖွင့်လှစ်ထားကြပါသည်။ ထို့သို့ သွားဖွင့်ရာတွင် ရဲများနှင့် နယ်ထိန်းများ၊ တာဝန်ရှိ များက မာဆပ်များသို့ တရားဝင် လွတ်လွတ်လပ်လပ်ဖွင့်လှစ်ထားခိုင်းပါသည်။ ဆိုင်များဖွင့်လှစ်ပါက တစ်လလျှင် ဆပ်ကျေး (650000) ခြောက်သိန်းခွဲအား တောင်းရမ်းသည်ဟု နေပြည်တော် တွင်းရှိ တာဝန်ရှိသူက ပြောကြားသွားပါသည်။ ၄င်းနောက် ထိုမာဆပ်များဟာလည်း အနိုပ်သီးသန့်မဟုတ်ပဲ စွဲဆောင်မှု့တစ်ခုဖြင့် (၂)ချိန်ယူပါက ဆက်ဆံမှု့ပါ ပေးကြောင်းကိုလည်း သိရှိရပါသည်။
နေပြည်တော်တွင် ဖုန်း Service အတွက် တော်တော်ကိုလိုအပ်နေ
နေပြည်တော်-ပျဉ်းမနား နှင့် အနီးတ၀ိုက် မြို့များ တွင် ငွေကြေးကိုသာကြည့်ပြီး မိုဘိုင်းလ်ဖုန်းများအတွက် တကယ့်အစစ်မှန် မပြုပြင်တတ်သေးသည့် ဆိုင်များက ပိုမိုများပြားနေကြောင်းကို သိရှိရပါသည်။ မိုဘိုင်းဖုန်း စပီကာလေး ပျက်သွားပြီဆိုတာနဲ့ အနည်းဆုံး (၅၀၀၀) နှင့် (၈၀၀၀) ကြား ကုန်တော့တာပဲ။ ဆော့ဖ်ဝဲလ်လေး ပျောက်သွားလို့တင်ရင် 10000 အထက်မှ ရှိတယ် ။ ပြီးတော့ ခဏပဲကောင်းတယ် ။ ပြန်ပြန်ဖြစ်သွားတာကိုတွေ့ရပါတယ်။ နေပြည်တော်မှာဖုန်းအရောင်းဆိုင်များ များပြားလာပြီး သုံးစွဲသူတွေလည်း တော်တော်များပြားလာပါတယ် ။ ဒါပေမယ့် ပြုပြင်ဆိုင်တွေကတော့ တော်တော်ကိုအဆင်မပြေတာကိုတွေ့ရပါတယ်။ နေပြည်တော်ပျဉ်းမနားသို့ ဖုန်းအကောင်းဆုံးပြုပြင်နိုင်ပြီး ဈေးနှုန်းလေးလည်း သက်သာ သာကို လည်း ဖြစ်ချင်ပါတယ်လို့ သုံးစွဲသူမှ ပြောကြားသွားပါတယ်
COMPUTER SYSTEM KTV ပိုင်းဆိုင်ရာ အတွက် SOFTWARE & HARDWARE တွေလုပ်ပေးနေသည့်
နေပြည်တော် - ပျဉ်းမနားမြို့ ၊ ရန်ကုန်-မနလေး ကားလမ်းဟောင်းဘေး ၊ ယူနီစံလက်ဖက်ရည်ဆိုင်အနီး၊ ယုဇနကန်နားတွင် ဖွင့်လှစ်ထားသော LYO ( လင်းရောင်ဦး ) Computer Sales & Service တွင် Computer system KTV ဖွင့်လှစ်မည့်သူများအတွက် ဈေးနှုန်းသက်သာစွာဖြင့် KTV Software MI3 အားတင်ပေးနေပါသည်။ ယခင်ကဆိုရင် ကျွန်တော်တို့မြို့ ကေတီဗွီ ဆော့ဖ်ဝဲလ်တွေပျက်ပြီ ၊ virus ကြောင့် windows ကျသွားပြီဆိုရင် ရန်ကုန်ကိုပို့ရပါတယ် ။ အဲ့တုံးကဆို၇င် အနည်းဆုံး ရန်ကုန်ပို့တာနဲ့ဟိုကပြန်ပို့ပေးတာနဲ့ဆိုရင် အနည်းဆုံး (၁)ပါတ်လောက်ကြာသွားတယ် ။ အလုပ်ပျက်တာပေါ့ဗျာ။ အခုတော့  မလိုတော့ဘူးဗျ ၊ ကျွန်တော်ပျဉ်းမနားမြို့မှာ အဲ့ဆိုင်က ဖွင့်လှစ်လိုက်တော့ ကျွန်တော်တို့ဆိုင်သမားတွေအတွက် တော်တော်ကိုအဆင်ပြေသွားတယ်ဗျ။ ကျွန်တော်ဆိုင်ဆိုရင် သူတို့ကိုပဲ စအဆုံး ကွန်ပျူတာတွေတပ်ဆင်တာတွေကော ၀ယ်ယူတာတွေကော အကုန်အပ်လိုက်တယ် ။ တော်တော့်ကို အဆင်တယ်ဗျာ - ဟု နေပြည်တော် - ပျဉ်းမနားမြို့တွင် ရှိသော ကေတီဗွီဆိုင် မှ တာဝန်ရှိသူက ပြောကြားသွားပါတယ်။
နေပြည်တော်မှ တနိုင်ငံလုံးဖြန့်ချီရောင်းချပေးနေတဲ့ မိုဘိုင်းလ်ဖုန်းဆိုင်
နေပြည်တော် - ပျဉ်းမနားမြို့ ၊ ယုဇနဈေးအနီး ၊ ပျဉ်းမနားမြို့တွင်း နှင့် နှင်းဆီအ၀ိုင်း လမ်းမဘေး ၊ ပေ(80) လမ်း၊ တွင် ဖွင့်လှစ်ထားသော V.I.P Mobile Mart ဆိုင်မှ Mobile ဖုန်းတွေကို တရုတ်နိုင်ငံမှ တင်သွင်း ကာ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချသူ ဆိုင်များသို့ ဖြန့်ချီပေးလျှက်တွေ့ရကြောင်းသိရှိရပါသည်။
မိုဘိုင်းလ်ဖုန်းတွေကို အချိန်တွေလေးအတွင်းမှာ ပျက်စီးမှု့အပေါ် အာမခံပေးပြီး လဲပေးခြင်း ၊ တရုတ်နယ်စပ် မူဆယ် ၊ ရွှေလီ - ကျယ်ဂေါင် ဆိုင်များမှ ၀ယ်ယူရသည့်ဈေးနှုန်းထက် အနည်းငယ်တာ ကွာရှိခြင်း တို့ကိုလည်း တွေ့ရှိရပါသည်။ ဆိုင်အသစ်ဖွင့်လှစ်မည့်သူများကိုလည်း V.I.P Mobile Mart ဆိုင်မှ တာဝန်ယူ စလယ်ဆုံး ကူညီပေးခြင်း ၊ ဆိုင်အသစ်ဖွင့်လှစ်မည့်သူများအနေဖြင့် မိုဘိုင်းလ် နည်းပညာကို အခြေခံ တတ်မြောက်အောင် ၊ ရောင်းချတတ်အောင် V.I.P Mobile Martမှ အချိန်ပေးကာ သင်ကြားပေးခြင်းတို့ကိုလည်း သိရှိရပါသည်။
မိုဘိုင်းလ်ဖုန်းတွေကို အချိန်တွေလေးအတွင်းမှာ ပျက်စီးမှု့အပေါ် အာမခံပေးပြီး လဲပေးခြင်း ၊ တရုတ်နယ်စပ် မူဆယ် ၊ ရွှေလီ - ကျယ်ဂေါင် ဆိုင်များမှ ၀ယ်ယူရသည့်ဈေးနှုန်းထက် အနည်းငယ်တာ ကွာရှိခြင်း တို့ကိုလည်း တွေ့ရှိရပါသည်။ ဆိုင်အသစ်ဖွင့်လှစ်မည့်သူများကိုလည်း V.I.P Mobile Mart ဆိုင်မှ တာဝန်ယူ စလယ်ဆုံး ကူညီပေးခြင်း ၊ ဆိုင်အသစ်ဖွင့်လှစ်မည့်သူများအနေဖြင့် မိုဘိုင်းလ် နည်းပညာကို အခြေခံ တတ်မြောက်အောင် ၊ ရောင်းချတတ်အောင် V.I.P Mobile Martမှ အချိန်ပေးကာ သင်ကြားပေးခြင်းတို့ကိုလည်း သိရှိရပါသည်။
နေပြည်တော်ဖြစ်လာပြီးနောက် အနုပညာ လမ်းပေါ် လျှောက်လှမ်းလာသူ တော်တော်များပြားနေ
နေပြည်တော် - ပျဉ်းမနားမြို့ နှင့် အနီးတ၀ိုက် တွင် အနုပညာ လူငယ်များ ၊ Hip Hop , Rock , POP , Punk လိုင်းတွေကိုယ်စီကိုယ်စီ သူတို့ရဲ့အနုပညာကို အောင်မြင်အောင် ကြိုးစားနေတာကိုတွေ့ရပါတယ်။ နေပြည်တော်ဟစ်ဟော့ပ်အသိုင်းအ၀ိုင်း မှ ညီငယ်တစ်ယောက်က ယခုလိုပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ပျဉ်းမနားသားတွေက အနုပညာတစ်ခုကို အောင်မြင်အောင်ကြိုးစား
သွားမှာပါ။ အောင်မြင်ခဲ့ရင်လည်း ကျွန်တော်က ပျဉ်းမနားသား ၊ ပျဉ်းမနားမှာပဲနေတယ် ၊ ပျဉ်းမနားမြို့ကို ဘယ်တော့မမေ့ဘူး ။ ပရိသတ်ရဲ့ရှေ့မှာလည်း အဲ့စကားကိုအမြဲပြောသွားမှာပါ။ ပျဉ်းမနားမြို့မှာ ယနေ့အချိန်အထိ အောင်မြင်ကျော်ကြားနေတဲ့သူတွေရှိပါတယ် ။ ဒါပေမယ့် သူတို့ကို သူတို့ ပျဥ်းမနားကလို့မကြေငြာရဲကြဘူး။ တချိန်က တောမြို့လေးလေ ။ ဒါတွေကိုရှက်ကြလို့နေမှာပေါ့နော်။
Subscribe to:
Posts (Atom)