95.1 DJ FM
Wednesday, May 30, 2012
နေပြည်တော်တွင် ဖုန်း Service အတွက် တော်တော်ကိုလိုအပ်နေ
နေပြည်တော်-ပျဉ်းမနား နှင့် အနီးတ၀ိုက် မြို့များ တွင် ငွေကြေးကိုသာကြည့်ပြီး မိုဘိုင်းလ်ဖုန်းများအတွက် တကယ့်အစစ်မှန် မပြုပြင်တတ်သေးသည့် ဆိုင်များက ပိုမိုများပြားနေကြောင်းကို သိရှိရပါသည်။ မိုဘိုင်းဖုန်း စပီကာလေး ပျက်သွားပြီဆိုတာနဲ့ အနည်းဆုံး (၅၀၀၀) နှင့် (၈၀၀၀) ကြား ကုန်တော့တာပဲ။ ဆော့ဖ်ဝဲလ်လေး ပျောက်သွားလို့တင်ရင် 10000 အထက်မှ ရှိတယ် ။ ပြီးတော့ ခဏပဲကောင်းတယ် ။ ပြန်ပြန်ဖြစ်သွားတာကိုတွေ့ရပါတယ်။ နေပြည်တော်မှာဖုန်းအရောင်းဆိုင်များ များပြားလာပြီး သုံးစွဲသူတွေလည်း တော်တော်များပြားလာပါတယ် ။ ဒါပေမယ့် ပြုပြင်ဆိုင်တွေကတော့ တော်တော်ကိုအဆင်မပြေတာကိုတွေ့ရပါတယ်။ နေပြည်တော်ပျဉ်းမနားသို့ ဖုန်းအကောင်းဆုံးပြုပြင်နိုင်ပြီး ဈေးနှုန်းလေးလည်း သက်သာ သာကို လည်း ဖြစ်ချင်ပါတယ်လို့ သုံးစွဲသူမှ ပြောကြားသွားပါတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment