နေပြည်တော်အထွေထွေထုတ်လွှင့်မှု့မှကြိုဆိုပါတယ်

95.1 DJ FM

Sunday, June 3, 2012

နေပြည်တော် ရာဇဌာနီလမ်းတလျှောက် ရေမြောင်းကြီးများ ဖောက်လုပ်

နေပြည်တော် ရာဇဌာနီလမ်းတစ်လျှောက် လာမည့် မိုးရာသီအချိန်တွင် လမ်းပေါ်တွင် ရေမလျှံစေခြင်း နှင့် ပြည်သူတို့ အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ လမ်းဘေးတစ်လျှောက် ရေမြောင်းကြီးများ သေချာကျနစွာ လုပ်ဆောင်နေတာကို တွေ့မြင်ရပါတယ်။ ဒီအပြင် လမ်းရှိတိုင်း နေရာတိုင်းတွင်လည်း ရေမြောင်းအမြောက်အများကိုလည်း ဖောက်လုပ်နေတာကို တွေ့ရသည်။

ပျဉ်းမနားမြို့တွင် Green Leaf ရေသန့်စက်ရုံဖွင့်လှစ်

နေပြည်တော်-ပျဉ်းမနားမြို့၊ပေါင်းလောင်း(၁၄)လမ်း တွင် မကြာခင်မှ ဖွင့်လှစ်လိုက်တဲ့ Green Leaf သောက်ရေသန့် မှ လူတိုင်းစေ့ ကျန်းမာရေးနှင့်ညီညွတ်စေရန် ရည်ညွှန်းပြီး ဈေးနှုန်းသက်သက်သာသာဖြင့် စတင်ရောင်းချပေးနေတာကိုတွေ့ခဲ့ရပါသည်။ ကျွန်တော်တို့တွေ့ခဲ့တဲ့သောက်သုံးခဲ့တဲ့ ရေသန့်တွေထက် ဈေးသက်သာတာကိုလည်းတွေ့ရပါသည်။ တခြားအပြင် ခါးသက်တဲ့အရသာတွေလည်းမတွေ့ရတဲ့အတွက် သောက်သုံးရာတွင် လူတိုင်းအတွက် အဆင်ပြေမယ့်ကျွန်တော်ထင်ပါတယ် ၊ ဒါကြောင့်ကျွန်တော်မိသားစုတွေ ဒီရေသန့်ကိုပဲ မှာမှာသောက်ပါတယ် လို့ ရေသန့်နှင့်ပတ်သက်ပြီး သောက်သုံးသူတစ်ဦးမှ ပြောကြားသွားပါတယ်။ ရေသန့်ဘူးမှာယူလိုသူများအနေဖြင့် 26451/098621607 ကိုဆက်သွယ်မှာယူနိုင်ပါသည်။

ဒါရိုက်တာလဂွမ်းအိမ်ရဲ့ အနုပညာဝါဒနာရှင်များအတွက်

နေပြည်တော်-ပျဉ်းမနားသားထဲမှ အနုပညာလောက ကာတွန်းဒါရိုက်တာအဖြစ်ရော၊ရေးဆွဲတာကော ၊ သီချင်းဖန်တီးတာကော အဘက်ဘက်မှ အောင်မြင်ကျော်ကြားလာသူတစ်ဦးနဲ့တွေ့ဆုံခွင့်ကို ရရှိခဲ့ပါသည်။ ဒါရိုက်တာအနေဖြင့် သူ့မွေးရပ်မြေဖြစ်တဲ့ ပျဉ်းမနားမြို့လေးကိုချစ်ခင်ပြီး ပျဉ်းမနားမှာ နေနေရင်းနဲ့ ပျဉ်းမနားမြို့နှင့်အနီးအနားတ၀ိုက် အနုပညာစိတ်ဝင်စားတဲ့လူငယ်များအတွက် သင်ကြားပို့ချပေးမည့် အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါသည်။ ကာတွန်းဇတ်လမ်းလေးတစ်ပုဒ်ဖြစ်အောင် ရေးဆွဲခြင်း ၊ ဒီဇိုင်းရေးဆွဲခြင်း ၊ FL Studio ဖြင့် Computer Music သီချင်းဖန်တီးခြင်း စတဲ့ သင်တန်းများကိုဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ လိပ်စာ ကတော့ One For All - Mobile ဆိုင်နဲ့တွဲပြီး ရဲကြီး - ထမင်းဆိုင်ရှေ့ ၊ ပေါင်းလောင်းရပ်ကွက် ၊ နေပြည်တော်-ပျဉ်းမနားမြို့တွင် ဖွင့်လှစ်ထားပါသည်။